အ နှင့်စသော စာလုံးများ

အကနိဋ္ဌာ

စည်းစိမ်ချမ်းသာလွန်စွာကြီးသဖြင့် သေးငယ်သော သဘောမရှိ၊ အလွန်အထက်တန်းကျသော ဗြဟ္မာများ။

အကုသိုလ်ဝစီကံ

နှုတ်အမူအရာ၌ အဖြစ်များသော အကုသိုလ်ကံသည် 'အကုသိုလ်ဝစီကံ' မည်၏။

အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း

အရိုးသာ ကျန်သော သူသေကောင်ကို "အရိုးသာ ကျန်သော သူသေကောင်၊အရိုးသာ ကျန်သော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း...

အနာဂါမိမဂ်

အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ...

အနုပါဒိသေသ နိဗ္ဗာနဓာတ်

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် ချုပ်ပြီးနောက် (ပရိနိဗ္ဗာန် ဝင်စံသည့်အခါ) ရအပ်သော နိဗ္ဗာန်သည် "အနုပါဒိသေသနိဗ္ဗာနဓာတ်" မည်၏။ (န= မရှိတော့ + ဥပါဒိ= ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် + သေသ= ကိလေသာတို့မှ...

အဘိညာဉ် ၇ ပါး

၁။ ဒိဗ္ဗစက္ခုအဘိညာဉ်၊ ၂။ ဒိဗ္ဗသောတအဘိညာဉ်၊ ၃။ ဣဒ္ဓိဝိဓအဘိညာဉ်၊ ၄။ ပရစိတ္တဝိဇာနန အဘိညာဉ်၊ ၅။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊ ၆။ ယထာကမ္မူပဂအဘိညာဉ်၊ ၇။...

အရူပရာဂသံယောဇဉ် ၁

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...