အဘိညာဉ် ၇ ပါး

by | Jun 9, 2022 | အ | 0 comments

၁။ ဒိဗ္ဗစက္ခုအဘိညာဉ်၊ ၂။ ဒိဗ္ဗသောတအဘိညာဉ်၊ ၃။ ဣဒ္ဓိဝိဓအဘိညာဉ်၊ ၄။ ပရစိတ္တဝိဇာနန အဘိညာဉ်၊ ၅။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊ ၆။ ယထာကမ္မူပဂအဘိညာဉ်၊ ၇။ အနာဂတံသအဘိညာဉ်

အတပ္ပာ

မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အေးမြသော ဗြဟ္မာများ။

အဒ္ဓါသမ္မသနနည်း

အတိတ်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်း။

အနိဒဿနရုပ်

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။

အာဒီနဝဉာဏ်

ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။