အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ မနေလာတော့ပြီ၊ ရဟန္တာ မဖြစ်လျှင် ဗြဟ္မာ့ပြည်သို့သာ မုချရောက်ရတော့သည်၊ သို့ဖြစ်၍ ဤမဂ်သည် ဤကာမဘုံသို့ ပြန်မလာတော့ကြောင်း ဖြစ်၏။ ထို့ကြောင့် ဤမဂ်ကို အနာဂါမိမဂ်-ဟု ခေါ်သည်။
အာဟာရဇရုပ်
အာဟာရကြောင့်ဖြစ်သော ရုပ်။(ဩဇာ-ဟူသော အာဟာရသည် စားမျိုလိုက်သည့်အခါ သူ၏ ဌီသို့ ရောက်မှသာ အာဟာရဇ ရုပ်ကို ဖြစ်စေသည်၊ ထိုအာဟာရကြောင့်ဖြစ်သော ရုပ်ကို "အာဟာရဇရုပ်"ဟု...
