အာသေဝနပစ္စယော

by | Jun 9, 2022 | အ | 0 comments

ထုံမွမ်းခြင်း၊ အဖန်ဖန် မှီဝဲခြင်းအားဖြင့် (အခြားမဲ့ နောက်နောက်တရားတို့ အားကောင်း သန်စွမ်းဖို့) ကျေးဇူးပြုတတ်သော တရား။

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော မြေ-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)