အရိုးသာ ကျန်သော သူသေကောင်ကို “အရိုးသာ ကျန်သော သူသေကောင်၊အရိုးသာ ကျန်သော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း မည်၏။
အသုရကာယ်
မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ "အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...
