အရူပရာဂသံယောဇဉ် ၁

by | Jun 9, 2022 | အ | 0 comments

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို “အရူပရာဂ”ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ် မည်၏။

အနုဿတိ ၂

အာရုံတစ်ခုခုကို အဖန်ဖန် အထပ်ထပ် အောက်မေ့ဆင်ခြင်တတ်သော သတိစေတသိက်ကို "အနုဿတိ"ဟု ခေါ်သည်။

အာကာသကသိုဏ်း ကမ္မဋ္ဌာန်း

ဟင်းလင်းပြင် အဝိုင်းငယ်ကို (ဟင်းလင်းပြင်၊ဟင်းလင်းပြင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာကာသကသိုဏ်း ကမ္မဋ္ဌာန်း...

အနုဿတိ ၁၀ပါး

၁။ ဗုဒ္ဓါနုဿတိ၊ ၂။ ဓမ္မာနုဿတိ၊ ၃။ သံဃာနုဿတိ၊ ၄။ သီလာနုဿတိ၊ ၅။ စာဂါနုဿတိ၊ ၆။ ဒေဝတာနုဿတိ၊ ၇။ မရဏာနုဿတိ၊ ၈။ ကာယဂတာသတိ၊ ၉။ အာနာပါနုဿတိ၊ ၁၀။ ဥပသမာနုဿတိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အနုဿတိ ၁

အဖန်တလဲလဲ အောက်မေ့မှု အမှတ်ရမှုသည် အနုဿတိမည်၏။