အကုသိုလ်ဝစီကံ

by | Jun 9, 2022 | အ | 0 comments

နှုတ်အမူအရာ၌ အဖြစ်များသော အကုသိုလ်ကံသည် ‘အကုသိုလ်ဝစီကံ’ မည်၏။

အဒ္ဓါသမ္မသနနည်း

အတိတ်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရုပ်ခန္ဓာစသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်း။

အာဟာရရုပ်

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...

အာရုံကမ္မဋ္ဌာန်း

"ဘုရားဂုဏ်တော်" စသည်တို့သည် ထိုသတိ၏ အာရုံဖြစ်သော အာရုံကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။

အပ္ပဏိဟိတနိဗ္ဗာန်

ပူပူဆာဆာ တောင့်တတတ်သော တဏှာပဏိဓိ မရှိသောကြောင့် "အပ္ပဏိဟိတ နိဗ္ဗာန်" ဟု ခေါ်သည်။

အညမညပစ္စယော

အချင်းချင်း ဖြစ်စေခြင်း,ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြု တတ်သော တရား။