မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း
ပြည်တစိုစို ယိုထွက်နေသောသူသေကောင်ကို "ပြည်တစိုစို ယိုထွက်နေသော သူသေကောင်၊ ပြည်တစိုစို ယိုထွက်နေသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း...
