မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ဝိပါက်စိတ် အကျဉ်း ၃၆ ပါး
အကုသလဝိပါက်စိတ် ၇ ပါး၊အဟိတ်ကုသလဝိပါက်စိတ် ဂ ပါး၊မဟာဝိပါက်စိတ် ဂ ပါး၊ရပါဝစရဝိပါက်စိတ် ၅ ပါး၊အရူပါဝစရဝိပါက်စိတ် ၄ ပါး၊ဖိုလ်စိတ်အကျဉ်း ၄ ပါး၊ပေါင်း ၃၆ ပါး။ (မဟာဝိပါက်စိတ် ဂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...
