ဝီထိမုတ်စိတ်

by | Jun 9, 2022 | ဝ | 0 comments

ဝီထိမှ အလွတ်ဖြစ်သော စိတ်။

ဝုဋ္ဌာနဝသီဘော်

ပိုင်းခြားထားသော ကာလကို မကျော်လွန်ဘဲ ဈာန်မှ ထနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလအတိုင်း ဈာန်မှ ထနိုင်ရန် စွမ်းနိုင်သော ဝသီဘော်...

ဝိညာနဉ္စာယတနဘုံ

ဝိညာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။

ဝိတက္ကစရိုက်ဘာဝနာ

အကြံအစည်များသူကို "ဝိတက္ကစရိုက်ရှိသူ"ဟု ခေါ်သည်။ပွားများထိုက်သော တရားကို ဘာဝနာ-ဟု ခေါ်သည်။

ဝိကာရရုပ် ၅ ပါး

၁။ ရူပဿ လဟုတာ၊ ၂။ ရူပဿ မုဒုတာ၊ ၃။ ရူပဿ ကမ္မညတာ၊ ၄၊ ၅။ ဝိညတ်ရုပ် ၂-ပါး၊ ပေါင်း ၅-ပါး။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...