ဝိပါကဝဋ် ၁

by | Jun 9, 2022 | ဝ | 0 comments

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားလည်းဖြစ်၊ သံသရာ၌ ချာချာလည်တတ်သော ဝဋ်လည်းဖြစ်သော တရားကို ဝိပါကဝဋ်ဟု ခေါ်သည်။

ဝိက္ခိတ္တကအသုဘ

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်။

ဝိပဿနာညစ်နွမ်းကြောင်း ပီတိ

ဝိပဿနာစိတ်နှင့် အတူဖြစ်သော ခုဒ္ဒိကာ ပီတိ-စသော ငါးမျိုးသော ပီတိ၊ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း။ဝိပဿနာဉာဏ်နှင့်ယှဉ်သော...

ဝေဟပ္ဖိုလ်

ပြန့်ပြောကြီးမားသော အကျိုးရှိသော ဗြဟ္မာများကို ဝေဟပ္ဖိုလ်ဗြဟ္မာဟု ခေါ်သည်။