သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | သ | 0 comments

သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို “သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်စိတ် ဖြစ်ပြီးနောက် သကဒါဂါမိမဂ်မဖြစ်မီ အတွင်းကို သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင်ဟု ဆိုခြင်းဖြစ်သည်။

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။

သန္တီရဏစိတ်

သန္တီရဏစိတ်-ဟူသော ပုဒ်သည် သန္တီရဏ+စိတ္တဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သန္တီရဏ= (အာရုံကို) စူးစမ်းဆင်ခြင်တတ်သော၊ စိတ္တ= စိတ်-ဟု...

သကဒါဂါမိမဂ်

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...

သန္တတိ

တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း၊ ဥပါဒ်ခြင်းသည် သန္တတိ မည်၏။ (သံ= ဆက်စပ်၍၊ ဝါ- ထပ်၍+တတိ= ကျယ်ပွားခြင်း၊...