သန္တီရဏစိတ်

by | Jun 9, 2022 | သ | 0 comments

သန္တီရဏစိတ်-ဟူသော ပုဒ်သည် သန္တီရဏ+စိတ္တဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သန္တီရဏ= (အာရုံကို) စူးစမ်းဆင်ခြင်တတ်သော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်ရသည်။

သဠာယတန ၁

ခြောက်ပါးသော အာယတန။ စက္ခာယတန၊ ၂။ သောတာယတန၊ ၃။ ဃာနာယတန၊ ၄။ ဇိဝှါယတန၊ ၅။ ကာယာယတန၊ ၆။ မနာယတန။

သုညတနိဗ္ဗာန်

ရာဂ, ဒေါသ, မောဟနှင့် ခန္ဓာ ၅-ပါးတို့၏ ဆိတ်သုဉ်းပုံ အခြင်းအရာကို စွဲမှတ်၍ "သုညတနိဗ္ဗာန်" ဟု ခေါ်သည်။

သဒ္ဒါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အသံ။

သမ္မာအာဇီဝ

အသက်မွေးမှုနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ၃-ပါး၊ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်းသဘော။