သာယနကိစ္စကို ဆောင်ရွက်သော စိတ် ၂ ပါး

by | Jun 9, 2022 | သ | 0 comments

ဇိဝှါဝိညာဏ်စိတ် ၂ ပါး(ဇိဝှါဝိညာဏ်ဒွေး) ဖြစ်သည်။(ဇိဝှါဝိညာဏ်ဒွေးကိုလည်း ရှု။)

သတိပဋ္ဌာန်

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။

သဒ္ဒဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အသံ။

သုဒဿာ

အလွန်လှပတင့်တယ်ကြသဖြင့် ကြည့်ရှုချင်စဖွယ်ကောင်းသော ဗြဟ္မာများ

သမ္မာကမ္မန္တ ၂

"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာကမ္မန္တ စေတသိက်။

သမ္ပဋိစ္ဆိုင်းဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် သမ္ပဋိစ္ဆိုင်းဒွေးဟူသည် သမ္ပဋိစ္ဆိုင်း၂ ပါး-ဟု...