သောတပသာဒ

by | Jun 9, 2022 | သ | 0 comments

နားအကြဉ်ဓာတ်ကို “သောတပသာဒ”ဟု ခေါ်သည်၊ ထိုသောတပသာဒသည် နားပေါက် အတွင်းဝယ် လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ ပျံ့နှံ့လျက် ဖြစ်,ပျက် တည်ရှိနေသည်။

သုစရိုက် ၁၀ ပါး

ကုသိုလ်ကာယကံ ၃ ပါး၊ကုသိုလ်ဝစီကံ ၄ ပါး၊ကုသိုလ်မနောကံ ၃-ပါး၊ပေါင်း ၁၀ ပါး။ (ကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သန္တတိသမ္မသနနည်း

အအေးရုပ်အစဉ်, အပူရုပ်အစဉ် စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုးခွဲ၍ သုံးသပ်ခြင်း။

သြဃ ၄-ပါး

၁။ ကာမောဃ၊ ၂။ ဘဝေါဃ၊ ၃။ ဒိေဋ္ဌာဃ၊ ၄။ အဝိဇ္ဇောဃ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သီလဗ္ဗတပရာမာသသံယောဇဉ် ၁

"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...

သဒ္ဓါစရိုက်ရှိသူ

သဒ္ဓါအဖြစ်များသူကို "သဒ္ဓါစရိုက်ရှိသူ"ဟု ခေါ်သည်။ ယုံကြည်မှုသဒ္ဓါအား ကောင်းသူများ ဖြစ်သည်။