သီလာနုဿတိ

by | Jun 9, 2022 | သ | 0 comments

(မိမိ၏) သီလကို အာရုံပြု၍ဖြစ်သော အနုဿတိသည် သီလာနုဿတိ မည်၏၊ မိမိဆောက်တည်ထားသော သီလကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။

သန္တတိ

တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည်ကစ၍ အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း၊ ဥပါဒ်ခြင်းသည် သန္တတိ မည်၏။ (သံ= ဆက်စပ်၍၊ ဝါ- ထပ်၍+တတိ= ကျယ်ပွားခြင်း၊...

သနိဒဿနရုပ်

မျက်စိဖြင့်(စက္ခုဝိညာဏ်ဖြင့်) မြင်ကောင်းသော ရုပ်ကို "သနိဒဿနရုပ်"ဟု ခေါ်သည်။

သောဘနစိတ်အကျဉ်း ၅၉ ပါး၊

၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျဉ်း ၈ပါး၊ပေါင်း ၅၉ ပါး။ (ကာမာဝစရစိတ် ၅၄ ပါး--စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

သံသေဒဇသတ္တဝါ

သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး...