သပ္ပဋိဃရုပ်

by | Jun 9, 2022 | သ | 0 comments

ဓာတ်သဘာဝအလိုက် ထိခိုက်တတ်သော ရုပ်များ။ ထိခိုက် ကိုင်တွယ် စမ်းသပ်ရန် လွယ်ကူသောကြောင့်ပင် ထိခိုက်တတ်ဟု ဆိုခြင်း ဖြစ်သည်။

သမ္မာသမာဓိ ၁

မှန်စွာ တည်ကြည်မှု ဧကဂ္ဂတာ စေတသိက်သည် "သမ္မာသမာဓိမဂ္ဂင်"မည်၏။

သကဒါဂါမ်

ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...

သတိပဋ္ဌာန်

မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်သော သတိထူးကို သတိပဋ္ဌာန်-ဟု ခေါ်သည်။

သံဃဘေဒက ကံ

သံဃာအချင်းချင်း ကွဲပြားအောင် သင်းခွဲမှုပြုသော ကံ။

သတိန္ဒြေ ၁

အောက်မေ့ခြင်းကိစ္စ၊အမှတ်ရခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။