သတိန္ဒြေ ၁

by | Jun 9, 2022 | သ | 0 comments

အောက်မေ့ခြင်းကိစ္စ၊အမှတ်ရခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သောက ၁

ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ပူပန်ခြင်းသည် "သောက" မည်၏။

သောမနဿိန္ဒြေ ၁

ဝမ်းမြောက်ခြင်း၊ စိတ်ချမ်းသာခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

သပ္ပဋိဃရုပ် ၁၂ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိသယရုပ် ၇-ပါး၊ ပေါင်း ၁၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သောတာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နား။