သောဘနစေတသိက် ၂၅ ပါး

by | Jun 9, 2022 | သ | 0 comments

သောဘနသာဓာရဏစေတသိက် ၁၉ ပါး၊ ဝိရတီစေတသိက် ၃ ပါး၊ အပ္ပမညာစေတသိက် ၂ ပါး၊ ပညိန္ဒြေစေတသိက်။ (သောဘနသာဓာရဏစေတသိက် ၁၉ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

သမာပဇ္ဇနဝသီဘော်

အဆင့်ဆင့်အထပ်ထပ် ဈာန်ဝင်စားနိုင်ခြင်း၊ ဤဝသီဘော်သို့ ရောက်ပါက ဈာန်ဝင်စားလိုသည်၏ နောက် ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်း အာဝဇ္ဇန်း၏နောက်တွင် ဈာန်ကို...

သကဒါဂါမိမဂ်စိတ်

သကဒါဂါမိမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို သကဒါဂါမိမဂ်စိတ်-ဟု ခေါ်သည်။

သဒ္ဒါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အသံ။

သန္တိကေရုပ်

နီးသော ရုပ်များ၊ဝါ-နီးကပ်နေသော ဝတ္ထုကို ယူဖို့ရာ လွယ်သကဲ့သို့ ဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်သည့်အခါ ထင်လွယ် မြင်လွယ် သိလွယ်သော...

သံယောဇဉ် ၁၀-ပါး(အဘိဓမ္မာနည်း)

၁။ ကာမရာဂသံယောဇဉ်၊ ၂။ ဘဝရာဂသံယောဇဉ်၊ ၃။ ပဋိဃသံယောဇဉ်၊ ၄။ မာနသံယောဇဉ်၊ ၅။ ဒိဋ္ဌိသံယောဇဉ်၊ ၆။ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ၇။ ဝိစိကိစ္ဆာသံယောဇဉ်၊ ၈။ ဣဿာသံယောဇဉ်၊ ၉။ မစ္ဆရိယသံယောဇဉ်၊ ၁၀။ အဝိဇ္ဇာသံယောဇဉ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သလက္ခဏရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...