အနာဂါမ်

အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် “အနာဂါမ်”ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက်...

အနာဂါမိမဂ်စိတ်

အနာဂါမိမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အနာဂါမိမဂ်စိတ်-ဟု ခေါ်သည်။

အနာဂါမိမဂ်

အနာဂါမိမဂ်-ဟူသော ဝေါဟာရသည် န+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ န+အာဂါမီ- (ဤကာမဘုံသို့) ပြန်မလာတော့ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ကာမဘုံ၌ တက်မက်မှှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိသန္ဓေ...

အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်”ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ္ဂါနန္တရဖိုလ်မှ စ၍ အရဟတ္တမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီ ပုဂ္ဂိုလ်ကို “အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ်”ဟု...