အနာဂါမ်

by | Jun 9, 2022 | အ | 0 comments

အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် “အနာဂါမ်”ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း မထွက်တော့ပါ။

အဝိဇ္ဇာ ၂

အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက်။

အဓိဋ္ဌာနဝသီဘော်

ပိုင်းခြားထားသော ကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလမတိုင်မီ ဘဝင်မကျအောင် တားဆီးထားနိုင်သော ဝသီဘော်...

အဘိညာဉ် ၂ ပါး၂

၁။ ရူပါဝစရကုသိုလ်ပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်၊ ၂။ ရူပါဝစရကြိယာပဉ္စမဈာန်နှင့် ယှဉ်သော ဉာဏ်။

အပ္ပမာဏာဘာ

အတိုင်းအရှည်ပမာဏမပြနိုင်လောက်အောင် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာသည် အပ္ပမာဏာဘာ မည်၏။