အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | အ | 0 comments

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်”ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။

အနဘိဇ္ဈာ

အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း။

အာကာသာနဉ္စာယတနဘုံ

အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

အဟောသိ ကံ

မည်သည့်အကျိုးမှ လုံးဝ ပေးမည်မဟုတ်သော ကံသည် "အဟောသိ ကံ" မည်၏။

အဗျာကတဟိတ်

ဝိပါက် ကြိယာ ဗျာကတနှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။

အပရာပရိယဝေဒနီယ ကံ

တတိယဘဝမှ စ၍ နိဗ္ဗာန်မရမီအတွင်း ဘဝတစ်ခုခု၌ အကျိုးပေးမည်ဖြစ်သော ကံသည် "အပရာပရိယဝေဒနီယ ကံ" မည်၏။ထိုကံသည် အလယ်ဇော ၅-ချက်စေတနာ...

အပ္ပမညာ

အတိုင်းအဆမရှိ များပြားသော သတ္တဝါတွေကို အာရုံပြု၍ ဖြစ်သော သဘောတရား။