ဥတုဇရုပ်

by | Jun 9, 2022 | ဥ | 0 comments

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် “အအေးငွေ့, အပူငွေ့”ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ ထိုက်သည်အားလျော်စွာ ဖြစ်စေသည်၊ ထို “တေဇော”ဟူသော ဥတုကြောင့်ဖြစ်သော ရုပ်ကို “ဥတုဇရုပ်”ဟု ခေါ်သည်။)

ဥပစာရသမာဓိဇော မုချ မည်သော တရား

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ...

ဥပဘောဂဂတိနိမိတ်

ထိုထိုဘုံဘဝ၌ တွေ့ကြုံရမည့် အတွင်း, အပ အသုံးအဆောင် အခြံအရံများကို "ဥပဘောဂ"ဟု ခေါ်သည်၊ ခွေး, ကျီး, ငရဲမီးလျှံ, နတ်သီ္မး, နတ်သား, ပဒေသာပင် -...