ဥပါဒါန်

by | Jun 9, 2022 | ဥ | 0 comments

စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို “ဥပါဒါန=ဥပါဒါန်”ဟု ခေါ်သည်။)

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၁

စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ...

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပါဒိန္နရုပ် ၁

"ငါ၏ အကျိုး"ဟု ကံ၏ စွဲယူခြင်းခံရသော, ကံ၏ အကျိုးဖြစ်သော ရုပ်ကို "ဥပါဒိန္နရုပ်"ဟု ခေါ်သည်၊ (ဥပ-တဏှာဒိဋ္ဌိတို့၏ အာရုံဖြစ်သော လောကီကုသိုလ်, အကုသိုလ်ကံက+အာဒိန္န-ငါ၏အကျိုးဟု စွဲယူခြင်းခံရသော...

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥဘယက္ခယမရဏ

အသက်တမ်း, ကံစွမ်း ၂-ပါးစုံ ကုန်မှုကြောင့် စုတေခြင်း။