ဥဒ္ဓစ္စသမ္ပယုတ်

by | Jun 9, 2022 | ဥ | 0 comments

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု အဓိပ္ပါယ်ရသည်။

ဥတုဇရုပ် ၁၃ ပါး

သဒ္ဒရုပ် ၁၊ လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၃ ပါး။

ဥပတ္ထမ္ဘက ကံ

ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ သို့သော် တစ်ပါးသော ကံ အကျိုးပေးခွင့် ရအောင်, အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေး သန်မာကြီးထွားလာအောင်, အကျိုးပေးပြီးသည့် အခါမှာလည်း အကျိုးတရားများ ရှည်ကြာအောင် သင့်လျော်လျောက်ပတ်စွာ ကူညီထောက်မတတ်သော ကံသည် "ဥပတ္ထမ္ဘက ကံ"...

ဥပါယာသ ၁

သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် "ဥပါယာသ"...

ဥပေက္ခာသဟဂုတ်

ဥပေက္ခာသဟဂုတ်ဟူသော ပုဒ်သည် ဥပေက္ခာ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသည်။ ဥပေက္ခာ= ဥပေက္ခာဝေဒနာနှင့်၊ ဝါ- လျစ်လျူရှုသော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...

ဥပပတ္တိဘဝ ၁

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...