ဥပပီဠက ကံ

by | Jun 9, 2022 | ဥ | 0 comments

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် “ဥပပီဠက ကံ” မည်၏။

ဥပစယ

ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...

ဥဒ္ဓစ္စသမ္ပယုတ်

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဥပစာရသမာဓိဇော မုချ မည်သော တရား

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ...

ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ ၁

စိတ်ကို မငြိမ်သက်အောင်ပြုတတ်သော ဥဒ္ဓစ္စကုက္ကုစ္စသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ...