ဥပတ္ထမ္ဘက ကံ

by | Jun 9, 2022 | ဥ | 0 comments

ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ သို့သော် တစ်ပါးသော ကံ အကျိုးပေးခွင့် ရအောင်, အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေး သန်မာကြီးထွားလာအောင်, အကျိုးပေးပြီးသည့် အခါမှာလည်း အကျိုးတရားများ ရှည်ကြာအောင် သင့်လျော်လျောက်ပတ်စွာ ကူညီထောက်မတတ်သော ကံသည် “ဥပတ္ထမ္ဘက ကံ” မည်၏။

ဥပါယာသ ၂

ဒေါသမူဒွေး၌ယှဉ်သော ဒေါသစေတသိက်။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဥပေက္ခာ ဘာဝနာ

သတ္တဝါဆိုသူကို အာရုံပြု၍ လျစ်လှူရှုခြင်းသဘော (ချစ်ခင်ဝမ်းသာ သနားကြင်နာမှု မပြုဘဲ သင့်တင့်အောင် ရှုတတ်သော သဘော)သည် "ဥပေက္ခာ" မည်၏၊ တရားကိုယ် (အရင်းခံ သဘောတရား)မှာ တတြမဇ္ဈတ္တတာစေတသိက်ဖြစ်သည်၊ သို့သော် တတြမဇ္ဈတ္တတာမှန်သမျှကိုမူ "ဥပေက္ခာ"ဟု ခေါ်သည်တော့...

ဥပစယ

ပဋိသန္ဓေတည်နေစ၌ ပထမဖြစ်ခြင်း၊ ထို့နောက် တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း (ဥပ-အစ၌၊ဝါ- အထက်၌+စယ- ဖြစ်ခြင်း)သည် ဥပစယ...