ဥပလဘိတဗ္ဗဂတိနိမိတ်

by | Jun 9, 2022 | ဥ | 0 comments

တိုက်ရိုက် ရောက်ထိုက်သော အရပ်ကို “ဥပလဘိတဗ္ဗ”ဟု ခေါ်သည်၊ လူ့ဘုံသွားမည့်သူဖြစ်လျှင် အမိဝမ်းရေ, ငရဲပြည်သွားမည့်သူဖြစ်လျှင် ငရဲဘုံ, ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တော တောင်စသည်, နတ်ပြည် သွားမည့်သူဖြစ်လျှင် နတ်ဗိမာန်- စသည်တို့တည်း။

ဥပစာရသမာဓိဇော မုချ မည်သော တရား

ဈာန် မဂ်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကုသိုလ်ဇော, ဈာန်ရခါနီး ဖိုလ်ဝင်စားခါနီး၌ဖြစ်သော မဟာကြိယာဇောတို့သည် ဉာဏ်နှင့်ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို့ကြောင့် မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇော ၈-ပါးတို့တွင် တစ်ပါးပါးကသာ ပရိကံ ဥပစာ...

ဥဒ္ဓစ္စသံယောဇဉ် ၁

မတည်ငြိမ် ပျံ့လွင့်ခြင်းသဘောရှိသော ဥဒ္ဓစ္စသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဥဒ္ဓစ္စသံယောဇဉ်...

ဥပပတ္တိဘဝ ၁

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...