ဥတုဇရုပ်

by | Jun 9, 2022 | | 0 comments

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် “အအေးငွေ့, အပူငွေ့”ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ ထိုက်သည်အားလျော်စွာ ဖြစ်စေသည်၊ ထို “တေဇော”ဟူသော ဥတုကြောင့်ဖြစ်သော ရုပ်ကို “ဥတုဇရုပ်”ဟု ခေါ်သည်။)

ဥပစာရသမာဓိဇော

ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။

ဥပါဒါန်

စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို "ဥပါဒါန=ဥပါဒါန်"ဟု...

ဥဒ္ဓစ္စသမ္ပယုတ်

ဥဒ္ဓစ္စသမ္ပယုတ်-ဟူသော ပုဒ်သည် ဥဒ္ဓစ္စ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဥဒ္ဓစ္စသမ္ပယုတ်ဟူသည် ဥဒ္ဓစ္စ= ပျံ့လွင့်ခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဥပါဒါနက္ခန္ဓာ ၅ ပါး

၁။ ရူပုပါဒါနက္ခန္ဓာ၊ ၂။ ဝေဒနုပါဒါနက္ခန္ဓာ၊ ၃။ သညုပါဒါနက္ခန္ဓာ၊ ၄။ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၅။ ဝိညာဏုပါဒါနက္ခန္ဓာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဥပေက္ခာ ဘာဝနာ

သတ္တဝါဆိုသူကို အာရုံပြု၍ လျစ်လှူရှုခြင်းသဘော (ချစ်ခင်ဝမ်းသာ သနားကြင်နာမှု မပြုဘဲ သင့်တင့်အောင် ရှုတတ်သော သဘော)သည် "ဥပေက္ခာ" မည်၏၊ တရားကိုယ် (အရင်းခံ သဘောတရား)မှာ တတြမဇ္ဈတ္တတာစေတသိက်ဖြစ်သည်၊ သို့သော် တတြမဇ္ဈတ္တတာမှန်သမျှကိုမူ "ဥပေက္ခာ"ဟု ခေါ်သည်တော့...