ဥပါဒါနက္ခန္ဓာ ၅ ပါး

by | Jun 9, 2022 | ဥ | 0 comments

၁။ ရူပုပါဒါနက္ခန္ဓာ၊ ၂။ ဝေဒနုပါဒါနက္ခန္ဓာ၊ ၃။ သညုပါဒါနက္ခန္ဓာ၊ ၄။ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၅။ ဝိညာဏုပါဒါနက္ခန္ဓာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဥပသမာနုဿတိ

သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိ မည်၏၊ နိဗ္ဗာန်ကို အာရုံပြု အမှတ်ရနေမှု...

ဥပစ္ဆေဒကမရဏ

ကပ်၍ ဖြတ်တတ်သော ကံတစ်မျိုးမျိုးကြောင့် စုတေခြင်း။

ဥပနိဿယပစ္စယော

အားကြီးသော အကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။