အရူပရာဂသံယောဇဉ် ၂

by | Jun 9, 2022 | အ | 0 comments

ဒိဋ္ဌိဂတဝိပ္ပယုတ် ၄-ခု၌ ရှိသော လောဘ။

အာလောကကသိုဏ်း ကမ္မဋ္ဌာန်း

အရောင်အလင်း အဝိုင်းငယ်ကို (အရောင်အလင်း၊အရောင်အလင်း)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာလောကကသိုဏ်း ကမ္မဋ္ဌာန်း...

အနန္တရပစ္စယော

အခြားမဲ့ (ကာလမခြားဘဲ ဆက်တိုက်)အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အရဟတ္တမဂ်စိတ်

အရဟတ္တမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အရဟတ္တမဂ်စိတ်-ဟု ခေါ်သည်။

အပ္ပဋိဃရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

အနန္တရူပနိဿယော

အနန္တရပစ္စည်းသည်ပင် အားကြီးသောအကြောင်း၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောကြောင့် အနန္တရူပနိဿယ မည်၏။

အနညာတညဿာမီတိန္ဒြေ ၁

မသိဘူးသေးသော သစ္စာလေးပါး နိဗ္ဗာန်တရားကို သိအောင် ကျင့်အံ့ဟု အားထုတ်ခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အနညာတံ- မသိအပ်ဘူးသော သစ္စာ ၄-ပါးကို+ဉဿာမီတိ- သိအံ့-ဟု ဖြစ်သော...