အဟိတ်ကုသလဝိပါက်-ဟူသည် အဟေတုက+ကုသလ+ဝိပါက-ဟူသော ပုဒ်တို့မှ ဆင်းသက် လာသော ပုဒ်ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ ကုသလ+ဝိပါက= ကုသိုလ်၏+အကျိုးဖြစ်သော-ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်၏အကျိုးလည်း ဖြစ်သော (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားလည်း မရှိသော-ဟု ဆိုလိုသည်။
အနိမိတ္တာနုပဿနာ
"အနိစ္စ"ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် "အနိမိတ္တာနုပဿနာ" ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ=...
