အာစိဏ္ဏ ကံ

by | Jun 9, 2022 | အ | 0 comments

အမြဲမပြတ် ဝတ်ထား၍ လေ့ကျက်အပ်၊ တိုးပွားစေအပ်သော ကံမျိုးသည် “အာစိဏ္ဏ ကံ” မည်၏။

အနာဂတံသအဘိညာဉ်

နောင်အနာဂတ်၌ ဖြစ်မည့် အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်။

အရူပရာဂသံယောဇဉ် ၁

အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...

အပ္ပမာဏာဘာ

အတိုင်းအရှည်ပမာဏမပြနိုင်လောက်အောင် ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာသည် အပ္ပမာဏာဘာ မည်၏။