အနိဒဿနရုပ်

by | Jun 9, 2022 | အ | 0 comments

စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို “အနိဒဿနရုပ်”ဟု ခေါ်သည်။

အကုသိုလ်ကံ

အကုသိုလ်စိတ်နှင့် ယှဉ်တွဲဖြစ်သော စေတနာစေတသိက်သည် အကုသိုလ်ကံ မည်၏။

အသုဘ ၁၀ ပါး

၁။ ဥဒ္ဓုမာတကအသုဘ၊ ၂။ ဝိနီလကအသုဘ၊ ၃။ ဝိပုဗ္ဗကအသုဘ၊ ၄။ ဝိစ္ဆိဒ္ဒကအသုဘ၊ ၅။ ဝိက္ခာယိတကအသုဘ၊ ၆။ ဝိက္ခိတ္တကအသုဘ၊ ၇။ ဟတဝိက္ခိတ္တကအသုဘ၊ ၈။ လောဟိတကအသုဘ၊ ၉။ ပုဠုဝကအသုဘ၊ ၁၀။ အဋ္ဌိကအသုဘ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အညိန္ဒြေ ၁

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော...

အဗျာကတဟိတ်

ဝိပါက် ကြိယာ ဗျာကတနှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။

အပ္ပနာ

ယှဉ်ဖက်စိတ်ကို အာရုံသို့ တင်ပေးတတ်သော တရား။

အဟိတ်စိတ် ၁၈ ပါး

အကုသလဝိပါက်စိတ် ၇ ပါး၊ အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ပေါင်း ၁၈ ပါး။ အကုသလဝိပါက်စိတ် ၇ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...