အဓိဋ္ဌာနဝသီဘော်

by | Jun 9, 2022 | အ | 0 comments

ပိုင်းခြားထားသော ကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလမတိုင်မီ ဘဝင်မကျအောင် တားဆီးထားနိုင်သော ဝသီဘော် ဖြစ်သည်။

အာဟာရရုပ်

အလုတ်အလွေး ပြုအပ်သော အစာအာဟာရသည် "အာဟာရရုပ်"မည်၏၊ ထိုအစားအစာများ၌ ပါဝင်သော အဆီအနှစ်အစေး (ဗီတာမင် ဓာတ်မျိုး)ကိုသာ "အာဟာရရုပ်"ဟု ခေါ်သည်၊ ၎င်းအာဟာရရုပ်ကိုပင် "ဩဇာ"ဟုလည်း ခေါ်ကြသည်။ ဣန္ဒြိယရုပ် ရှစ်ခုနှင့် တကွဖြစ်သော ရုပ်အပေါင်းကို...

အာသဝ တရား ၄-ပါး

၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အပါယ်ဘုံ

ကောင်းမှုဟု သမုတ်အပ်သော ကုသိုလ်မှ များသောအားဖြင့် ကင်းရာဖြစ်သောကြောင့် အပါယ် မည်၏။ ထိုအပါယ်သည် သတ္တဝါတို့ ဖြစ်တည်ရာ ဖြစ်သောကြောင့် ဘုံလည်း...

အနိမိတ္တာနုပဿနာ

"အနိစ္စ"ဟု ရှုသော အနုပဿနာသည် ရုပ်-နာမ်အပေါင်းကို တစ်လုံးတစ်ခဲတည်း ပုံပန်းသဏ္ဌာန် အနေအားဖြင့် ထင်မှားမှုကို စွန့်လွှတ်နိုင်သောကြောင့် "အနိမိတ္တာနုပဿနာ" ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုးဖြစ်သည်၊ (အနိမိတ္တ= ပုံပန်းသဏ္ဌာန် မရှိဟု + အနုပဿနာ=...