၁။ ဓမ္မသင်္ဂဏီကျမ်း၊ ၂။ ဝိဘင်းကျမ်း၊ ၃။ ဓာတုကထာကျမ်း၊ ၄။ ပုဂ္ဂလပညတ်ကျမ်း၊ ၅။ ကထာဝတ္ထုကျမ်း၊ ၆။ ယမကကျမ်း၊ ၇။ ပဋ္ဌာန်းကျမ်း။
အသုရကာယ်
မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ "အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...
