အပ္ပနာဇော

by | Jun 9, 2022 | အ | 0 comments

မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု ခေါ်သည်။

အဓိပတိ

ဦးစီးခေါင်းဆောင် ဖြစ်သော တရား။

အာကာသာနဉ္စာယတန

အာကာသာနဉ္စာယတန-ဟူသော ပုဒ်သည် အာကာသ+အာနဉ္စ+အာယတန-ဟူသော ပုဒ်တို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကာသ= ကောင်းကင်း (ဟင်းလင်းပြင်) ဟူသော အာရုံ၊ အာနဉ္စ= အဆုံးမရှိ၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟု တစ်လုံးချင်း အဓိပ္ပါယ် ရှိ၏။ ထိုသုံးပုဒ်ပေါင်း၏...