ဘာမျှမရှိခြင်း (အာကာသာနဉ္စာယတနစိတ်၏ လုံးဝ မရှိတော့ခြင်း)ကို အာရုံပြုကာ ပွားများ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဈာန်စိတ်ကို အာကိဉ္စညာယတန ကုသိုလ်ဈာန်စိတ်-ဟု ခေါသည်။
ဝေဒနာ ၁
မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့်...