ဝိစိကိစ္ဆာ

by | Jun 9, 2022 | ဝ | 0 comments

ဘုရားတရားစသည့် အာရုံများ၌ ယုံမှားခြင်းသဘော။

ဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်၊စေတသိက်-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

ဝိက္ခိတ္တကအသုဘ

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်။

ဝဋ်

သံသရာ၌ မပြတ်အစဉ် ချာချာလည်စေတတ်သော တရား။

ဝိပဿနာညစ်နွမ်းကြောင်း ပီတိ

ဝိပဿနာစိတ်နှင့် အတူဖြစ်သော ခုဒ္ဒိကာ ပီတိ-စသော ငါးမျိုးသော ပီတိ၊ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း။ဝိပဿနာဉာဏ်နှင့်ယှဉ်သော...