စွမ်းနိုင်ခြင်းရှိသူ၏ အဖြစ်၊ဝါ-စွမ်းရည်သတ္တိရှိခြင်း။ (ဝသီ= စွမ်းရည်သတ္တိရှိသူ+ဘာဝ=အဖြစ်)။ ၎င်းကို မြန်မာစကားဖြင့် ဝသီဘော်ဟု ဆိုကြသည်။ ဈာန်ရသူတို့သည် ဈာန်ဝင်စားမှု ဈာန်မှ ထမှုတို့၌ ပိုမိုလိမ်မာကျွမ်းကျင်စေရန် မိမိရရှိထားသော ဈာန်ကို ဝသီဘော်ငါးပါးပေါက်ရောက်အောင် အခေါက်ခေါက် ဝင်စားရသည်။
ဝဋ်မြစ်
ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။
