ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်ကို “ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်၊ ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခာယိတကအသုဘကမ္မဋ္ဌာန်း မည်၏။
ဝိပါကဝဋ် ၁
ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားလည်းဖြစ်၊ သံသရာ၌ ချာချာလည်တတ်သော ဝဋ်လည်းဖြစ်သော တရားကို ဝိပါကဝဋ်ဟု...
