ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ထိုက်သည်အားလျော်စွာဖြစ်သော လောကီဝိပါက် ၃၂-ပါး။
ဝိနိဗ္ဘောဂရုပ်
တစ်ခုစီ ခွဲခြား၍ ရစကောင်းသော ရုပ်များ။
ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ထိုက်သည်အားလျော်စွာဖြစ်သော လောကီဝိပါက် ၃၂-ပါး။
တစ်ခုစီ ခွဲခြား၍ ရစကောင်းသော ရုပ်များ။
ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ "ဝဋ္ဋ"သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။...
မလှုပ်ရှား မယိမ်းမယိုင်သော ဝီရိယ။
ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။
စွမ်းနိုင်ခြင်းရှိသူ၏ အဖြစ်၊ဝါ-စွမ်းရည်သတ္တိရှိခြင်း။ (ဝသီ= စွမ်းရည်သတ္တိရှိသူ+ဘာဝ=အဖြစ်)။ ၎င်းကို မြန်မာစကားဖြင့် ဝသီဘော်ဟု ဆိုကြသည်။ ဈာန်ရသူတို့သည် ဈာန်ဝင်စားမှု ဈာန်မှ ထမှုတို့၌ ပိုမိုလိမ်မာကျွမ်းကျင်စေရန် မိမိရရှိထားသော ဈာန်ကို ဝသီဘော်ငါးပါးပေါက်ရောက်အောင်...
ယုံမှားသံသယဒွိဟသဘောရှိသော ဝိစိကိစ္ဆာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဝိစိကိစ္ဆာသံယောဇဉ်...