ဝီမံသိဒ္ဓိပါဒ် ၁

by | Jun 9, 2022 | ဝ | 0 comments

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်၌ ယှဉ်ခိုက် ပညာသည် ဝီမံသိဒ္ဓိပါဒ် မည်၏။

ဝတ္ထု

စိတ်စေတသိက်တို့၏ တည်ရာ မှီရာ။

ဝိညာဏ် ၁

အာရုံကို အထူးသိခြင်းသဘောသည် ဝိညာဏ်မည်၏။

ဝိနီလကအသုဘကမ္မဋ္ဌာန်း

ညိုမည်းကွက်ထနေသည့် သူသေကောင်ကို "ညိုမည်းကွက်ထနေသည့် သူသေကောင် ညိုမည်းကွက်ထနေသည့် သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိနီလကအသုဘကမ္မဋ္ဌာန်း...

ဝီထိမုတ်စိတ် ၁၉ ပါး

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စကို ဆောင်ရွက်သော ဥပေက္ခာသဟဂုတ်သန္တီရဏ ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး၊ပေါင်း ၁၉ ပါး။(ထိုစိတ်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု...

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။