ဝိနိပါတိကအသုရာ

by | Jun 9, 2022 | ဝ | 0 comments

ဝိနိပါတိကအသုရာတို့သည် ဘုမ္မစိုးနတ်ကြီးများကို မှီခိုကပ်ရပ်၍ နေကြရသည်၊ စည်းစိမ် ဥစ္စာ အိပ်ရာနေရာ ကောင်းစွာမရှိဘဲ ဖောက်ပြန် ပျက်စီးနေသော နတ်သေးနတ်မွှား နတ်အငယ်စားကလေးတွေသာ ဖြစ်ကြသည်။

ဝိတက္ကစရိုက်ဘာဝနာ

အကြံအစည်များသူကို "ဝိတက္ကစရိုက်ရှိသူ"ဟု ခေါ်သည်။ပွားများထိုက်သော တရားကို ဘာဝနာ-ဟု ခေါ်သည်။

ဝေယျာဝစ္စ

သူတစ်ပါး၏ ကောင်းမှုကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်မှု။

ဝိစ္ဆိဒ္ဒကအသုဘ၁

(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်ကို "(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်၊ (ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိစ္ဆိဒ္ဒကအသုဘ ကမ္မဋ္ဌာန်း...

ဝိမောက္ခ

ကိလေသာတို့မှ လွတ်သော မဂ်တရား, ဖိုလ်တရားကို "ဝိမောက္ခ"ဟု ခေါ်သည်။