ဝိစ္ဆိဒ္ဒကအသုဘ၁

by | Jun 9, 2022 | ဝ | 0 comments

(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်ကို “(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်၊ (ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိစ္ဆိဒ္ဒကအသုဘ ကမ္မဋ္ဌာန်း မည်၏။

ဝိမောက္ခ

ကိလေသာတို့မှ လွတ်သော မဂ်တရား, ဖိုလ်တရားကို "ဝိမောက္ခ"ဟု ခေါ်သည်။

ဝိပါက်စိတ်

ဝိပါက်စိတ်-ဟူသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်သော စိတ်။

ဝိနိပါတိကအသုရာ

ဝိနိပါတိကအသုရာတို့သည် ဘုမ္မစိုးနတ်ကြီးများကို မှီခိုကပ်ရပ်၍ နေကြရသည်၊ စည်းစိမ် ဥစ္စာ အိပ်ရာနေရာ ကောင်းစွာမရှိဘဲ ဖောက်ပြန် ပျက်စီးနေသော နတ်သေးနတ်မွှား နတ်အငယ်စားကလေးတွေသာ...