ဘုမ္မစိုးနတ်

by | Jun 9, 2022 | ဘ | 0 comments

မြေကြီးနှင့် စပ်သော သစ်ပင် တော တောင်ကို စောင့်သော နတ်များ, ကိုယ်စောင့်နတ်များ, အိမ်စောင့်နတ်များ စသည်တို့ကို “ဘုမ္မစိုးနတ်”ဟု ခေါ်သည်၊ အတော်အတန် တန်ခိုးရှိကြသည်။

ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။

ဘဝ

ခန္ဓာ-စသော အကျိုးတို့ကို ဖြစ်ပေါ်စေတတ်သော စေတနာသည် ဘဝမည်၏။

ဘုံ ၃၁

အပါယ် ၄ ဘုံ၊ ကာမသုဂတိ ၇ ဘုံ၊ ရူပါဝစရ ၁၆ ဘုံ၊ အရူပါဝစရ ၄ ဘုံ၊ပေါင်း ၃၁ ဘုံ။(ထိုဘုံများကို ဆိုင်ရာ ခေါင်းစဉ်၌...

ဘဝရာဂါနုသယ ၁

ရူပရာဂ အရူပရာဂသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ဘဝရာဂါနုသယ...

ဘဝင်ကိစ္စ

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...

ဘာဝနာ

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင်...