ရူပဈာန် အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို “ဘဝရာဂ”ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဘဝရာဂသံယောဇဉ် မည်၏။
ဘဝင်ကိစ္စ
ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...
