ဘာဝရုပ်

by | Jun 9, 2022 | ဘ | 0 comments

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို “ဘာဝရုပ်”ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ် မဟုတ်ပါ။

ဘဝရာဂသံယောဇဉ် ၁

ရူပဈာန် အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ဘဝရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဘဝရာဂသံယောဇဉ်...

ဘဝရာဂါနုသယ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ ရှိသော လောဘစေတသိက်။

ဘဝရာဂါနုသယ ၁

ရူပရာဂ အရူပရာဂသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ဘဝရာဂါနုသယ...

ဘဝေါဃ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...

ဘာဝနာ ၂ ပါး

၁။ သမထဘာဝနာ၊ ၂။ ဝိပဿနာဘာဝနာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)