သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင် အားထုတ်ထိုက်လှပေသည်။
ဘုံ
သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ကမ္မဘဝ၊ ဥပပတ္တိဘဝ။
ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...
အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။
ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...
ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...