ဘုံ ၃၁

by | Jun 9, 2022 | ဘ | 0 comments

အပါယ် ၄ ဘုံ၊ ကာမသုဂတိ ၇ ဘုံ၊ ရူပါဝစရ ၁၆ ဘုံ၊ အရူပါဝစရ ၄ ဘုံ၊ပေါင်း ၃၁ ဘုံ။(ထိုဘုံများကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဘာဝရုပ်

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...

ဘဝယောဂ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဘဝယောဂ...

ဘဝါသဝ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် "ဘဝါသဝ"...

ဘင်ခဏ

စိတ်စသော ပရမတ္ထတရားတစ်ခုခု၏ တည်နေပြီးနောက် ပျက်စီးချုပ်ပျောက်ရာကာလ။

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘဝ

ခန္ဓာ-စသော အကျိုးတို့ကို ဖြစ်ပေါ်စေတတ်သော စေတနာသည် ဘဝမည်၏။